Showing posts with label Others. Show all posts
Showing posts with label Others. Show all posts

Monday, June 2, 2014

p0sixspwn-v1.0.8 [jailbreak 6.1.(3.4.5.6)] Update



                       p0sixspwn က 1.0.8 ကို update ပေးလိုက်ပီပဲဖြစ်ပါတယ် ဒီဘားရှင်းမှာ 6.1.6 ထိ
                                   6 Untethered Jailbreak လုပ်နိုင်ပါဖြစ်ပါတယ် လိုအပ်သူများအောက်
                                                     မှာDownload နိုင်ပါတယ်

                                                       Window-  Download
                                                      

Wednesday, November 27, 2013

Huawei Y320C X1 မတက်တာ(73 ကတ်)မလိုပဲဖြေရှင်းနည်း

အရင်ဆုံး..31(mec Card)ထည့်ပြီး 911 ကိုဖုန်းခေါ်လိုက်ပါ ပြီးရင် Home ခလုတ်ကိုနိမ့်ပါ (ဖုန်းမချနဲ့နော်)

အဲမှာမှ Setting ကနေ More ဆိုတာကိုနိမ်ပါ  Mobile Network  ကိုထပ်ဝင်ပါ ပြီးရင် CDMA Network Selection 

ကိုသွားပြီးတော့ empty filter network list  နိမ့်ပေးလိုက်ရုံပါပဲ  Warning ဆိုတဲ့စာတန်းလေးထွက်လာရင်ခနစောင့်

လိုက်ပါ ပျောက်သွားရင်တော့ရပါပြီး..... မရသေးရင်နောက်တစ်ခေါက်ထပ်လုပ်ပေးပါ စမ်းပြီးသာပါ အဆင်ပြေလို့

မျှဝေလိုက်တာပါ ..ကျေးဇူးတင်ပါတယ်    .....ဆိုင်သူအားလုံးကိုလဲ Credit ပေးပါတယ်...

Sunday, November 10, 2013

Android ဖုန်းအားလုံးကို Click တစ်ချက်တည်းနဲ့ Recovery Mode ၀င်မယ်

Android ဖုန်းအားလုံးကို Click တစ်ချက်တည်းနဲ့ Recovery Mode ၀င်လို့ရတဲ့ ဆော့ဝဲလ်လေးတင်ပေးလိုက်ပါတယ်။ Android ဖုန်းတစ်လုံးနဲ့ တစ်လုံး Recovery Mode ၀င်တာမတူပါဘူး။ ဒီဆော့ဝဲလ်လေးဆောင်ထားရုံနဲ့ Android ဖုန်းအားလုံးကို Click တစ်ချက်တည်းနဲ့ Recovery Mode ၀င်လို့ရမှာဖြစ်ပါတယ်။  ဆော့ဝဲကိုကွန်ပျူတာမှာ Install လုပ်ပါ။ Android ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ USB debugging on ထားပေးပါ။ ဖုန်း Driver ကိုကွန်ပျူတာက သိပါစေ....ကဲအားလုံးပြီးရင်တော့ Click To Enter Recovery ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါဗျာ။ ဖုန်း Reboot ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ မိမိဖုန်းမှာ Recovery Mode ၀င်ပြီးသားဖြစ်နေပါလိမ့်မယ်။ အဆင်ပြေပါစေ......




Wednesday, October 23, 2013

နေရာအချို့တွင်GSM/WCDMA မိုဘိုင်းတယ်လီဖုန်းယာယီပြတ်တောက် မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးချက်ထုတ်ပြန်


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့မြှင့်တင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ ပြောင်းလဲချိတ်ဆက်ရန် စီမံလျက်ရှိသည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်တွင် ၂၃-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တို့တွင် ၂၆-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း၊ နေပြည်တော် (တောင်ပိုင်း)တွင် ၂၈-၁၀-၂၀၁၃ ရက်နှင့် ၃၀-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း စုစုပေါင်း ၁၀ မိနစ်ခန့်စီ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ယာယီပြတ်တောက်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအသိပေးချက်ထုတ်ပြန်သည်။
Credit>>> Thit Htoo Lwin

HTC Desire 600 C


CPU & GPU

ဒီဖုန်းမှာ ထည့်သွင်းအသုံးပြုထားတဲ့ CPU ကတော့ Quad-core 1.2 GHz Cortex-A5 CPU ကိုအသုံးပြုထားတဲ့အတွက် CPU စနစ်မြင့်မား ကောင်းမွန်တယ်လို့ ဆိုနိုင်တဲ့ ဖုန်းပါပဲ။ ဂရပ်ဖစ်စနစ်ပိုင်း အတွက်ကလည်း Adreno 203 GPU ကိုအသုံးပြုထားတာ တွေ့ရတဲ့အတွက် GPU စနစ်မှာလည်း အဆင်ပြေနိုင်ပါတယ်။ ဖုန်းရဲ့ Resolution နဲ့ ဂရပ်ဖစ်စနစ်ပိုင်းမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။

Sensor & Chipset

Sensor စနစ်ပိုင်းမှာတော့ ဒီဖုန်းကအနည်းငယ် အားနည်းတယ်လို့ ဆိုရမှာပါ။ နောက်ပိုင်းထွက် နည်းပညာမြင့် ဖုန်းတွေတော်တော်များများမှာ Sensor စနစ်ကို လေးမျိုးလောက် ထည့်သွင်းအသုံးပြု လာတတ်ကြပေမယ့် ဒီဖုန်းမှာတော့ အဓိကအသုံးပြုတဲ့ Screen Off Sensor ဖြစ်တဲ့ Proximity Sensor စနစ်နဲ့ Screen ကို Rotate လှည့်ပေးနိုင်မယ့် Accelerometer Sensor စနစ်နှစ်ခုကိုပဲ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ အသုံးပြုထားတဲ့ Chipset ကတော့ Qualcomm MSM8625Q Snapdragon 200 Chipset ဖြစ်တဲ့အတွက် Chipset စနစ်ကလည်း ကောင်းမွန်ပါတယ်။

OS

OS ကတော့ Android OS ဖြစ်ပြီး ဗားရှင်းကတော့ 4.1.2 ကို အသုံးပြုထားတာပါ။

Screen

Screen ကတော့ 4.5 လက်မပဲ ဖြစ်တဲ့အတွက် ပထမထွက်ခဲ့တဲ့  Dual Sim စနစ်ဖုန်းဖြစ်တဲ့ Desire VC ထက် အရွယ်အစား ကြီးပါတယ်။ Screen အမျိုးအစားကတော့ Super LCD2 Screen အမျိုးအစားပါ။

Dimension & Weight

ဖုန်းအရွယ်အစားမှာတော့ အမြင့်က 134.8mm ရှိပြီး ဘေးတိုက် အကျယ်ကတော့ 67mm ရှိပါတယ်။ ဖုန်းရဲ့ထုကတော့ 9.3mm ဖြစ်ပါတယ်။ အရွယ်အစားရော  ပုံစံဒီဇိုင်းပိုင်းမှာပါ သေသပ်လှပတဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး Dual Speaker စနစ်ကို အသုံးပြုထားတဲ့အတွက် အသံစနစ်ပိုင်းမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းရဲ့အလေးချိန်ကလည်း 130g ဖြစ်တဲ့အတွက် ပေါ့ပါးတယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။

Network

HTC ကနေအသစ် ဝင်ရောက်လာတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဒီဖုန်းကတော့ ပြည်တွင်းက CDMA 800 MHz စနစ်အသုံးပြုသူ တွေအတွက် စိတ်ကျေနပ်စရာ ဖြစ်စေနိုင်မယ့် ဖုန်းအမျိုးအစား တစ်ခုဖြစ်တယ်လို့ ဆိုနိုင်လောက်ပါတယ်။ CDMA 800MHz စနစ်နဲ့ GSM စနစ်နှစ်မျိုးစလုံးကို တစ်ပြိုင်နက် တွဲဖက်အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်တဲ့ Dual Sim ဖုန်းအမျိုးအစားပါ။ Micro Sim စနစ်ဖြစ်တဲ့အတွက် လိုင်းကတ်ကိုတော့ ဖြတ်ရမှာဖြစ်ပါတယ်။ အင်တာနက်စနစ် အသုံးပြုဖို့အတွက်လည်း GSM ရော CDMA စနစ်အားလုံးအတွက် မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြုနိုင်တဲ့အပြင် ဝါယာလက်အင်တာနက် စနစ်အတွက်လည်း WiFi စနစ်ကို အသုံးပြုနိုင်ပါတယ်။ GSM အင်တာနက်စနစ်အတွက် EDGE, GPRS, HSDPA, HSUPA အစရှိတဲ့ စနစ်တွေအားလုံးကို အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ ပုံစံဒီဇိုင်းပိုင်းကလည်း သေသပ်လှပတဲ့ဖုန်းပါ။

Camera

ကင်မရာကတော့ 8Megapixel ရှိတဲ့ကင်မရာကို ထည့်သွင်းတပ်ဆင် ပေးထားတာဖြစ်ပြီး ကင်မရာစနစ်တွေအနေနဲ့   autofocus, LED flash, geotagging, face and smile detection, Video အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ 1.6 Megapixel ရှိတဲ့ ရှေ့ကင်မရာစနစ်ပါဝင်တဲ့ Dual Camera စနစ်ဖုန်းပါ။

Memory

မှတ်ဉာဏ်စနစ်တွေ အတွက်တော့ Internal Memory 8GB ဖြစ်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုနိုင်ဖို့ အတွက်လည်း Micro SD Card ကိုထည့်သွင်း အသုံးပြုနိုင်ပြီး 64GB ထိထပ်တိုးနိုင်မယ်လို့လည်း ဆိုပါတယ်။

Multimedia

Multimedia စနစ်တွေအတွက်ကတော့ SNS integration, Dropbox (25 GB storage), MP4, WMV player, MP3, WMA, WAV/ FLAC player, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Organizer, Document viewer, Photo viewer/editor, Voice memo/dial/commands အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Samsung Galaxy Note 3 ဖုန်းများအား အခြားဖုန်းများ၏ ကေဘယ်လ်များနှင့် တွဲဆက်အသုံးပြုခြင်းအား ရှောင်ရှားသင်





ပြည်တွင်းဈေးကွက်အတွင်းသို့ အသစ်ဝင်ရောက်ထားသော ဖုန်းအမျိုးအစားတစ်ခုဖြစ်သည့် Samsung ၏ Galaxy Note 3 ဖုန်းများအား အသုံးပြုရာတွင် အဆိုပါ Note 3 ဖုန်းများအတွက်ထုတ်လုပ်ပေးထားသော ကေ ဘယ်လ်ကြိုးများမှလွဲ၍ အခြားသောဖုန်းများ၏ ကေဘယ်လ်များနှင့် အရေးပေါ်ချိတ်ဆက် အသုံးပြုခြင်းများအား ရှောင်ရှားသင့်ကြောင်း သိရသည်။   Galaxy Note 3 ဖုန်းများ၏ ကေဘယ်လ်စနစ်မှာ Dual Cable စနစ်ပုံစံမျိုးဖြစ်ပြီး Charger ပေါက်နှင့် Data ပေါက်နှစ်မျိုးခွဲခြားထားသော ကေဘယ်လ်ပုံစံမျိုးရှိပြီး ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုသော External Hard disk များ၏ကေဘယ်လ်ပုံစံမျိုးနှင့် ဆင်တူသောကေဘယ်လ် အမျိုးအစားများ ဖြစ်ခြင်းကြောင့် အခြားသောအမျိုးအစား မတူညီသည့် ကေဘယ်လ်များနှင့် ချိတ်ဆက်အသုံးပြုမည် ဆိုပါက ဖုန်းအားထိခိုက်နိုင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဈေးကွက်အတွင်းရှိ ကျွမ်းကျင်သူများမှပြောသည်။   ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းဆားဗစ် ကျွမ်းကျင်သူများမှ ပြောပြရာတွင် “Galaxy Note 3 တွေမှာအသုံးပြုထားတဲ့ ကေဘယ်လ်စနစ်ကို အခြားကေဘယ်လ်တွေနဲ့ စမ်းသပ်အသုံးမပြုသင့်ပါဘူး။ Charger ဖုန်းအားသွင်းတာပဲဖြစ်ဖြစ်၊ Data အထည့်အသွင်းလုပ်တာပဲဖြစ်ဖြစ် သူ့မှာပါဝင်တဲ့ Original Cable နဲ့ပဲအသုံးပြုသင့်ပါတယ်။ Note 3 ရဲ့ USB ပေါက်မှာ နှစ်ခြမ်းဖြစ်နေပြီး တစ်ဖက်ခြမ်းဟာ အခြားကေဘယ်လ်တွေနဲ့ ထိုးလိုက်တဲ့အခါမျိုးတွေမှာ ဝင်သွားတတ်ပါတယ်။ အသုံးပြုသူတွေကလည်း ဒါဟာအဆင်ပြေတယ်လို့ယူဆပြီး အသုံးပြုတဲ့သူတချို့က အခြား Cable တစ်ခုနဲ့ အသုံးပြုလိုက်တဲ့ ဖုန်းအချို့မှာ LCD မလာတော့တာတို့၊ အခြား Error တွေဖြစ်သွားတာမျိုးရှိပါတယ်။ အဲဒီလိုဖြစ်လာတဲ့ဖုန်းတွေကို မေးကြည့်လိုက်ရင်ကေဘယ်လ် မတူဘဲထိုးလိုက်လို့ဆိုတဲ့ အဖြေက အသုံးပြုသူတွေဆီကနေ ထွက်လာပါတယ်” ဟုပြောသည်။   Note 3 အသုံးပြုသူများအနေဖြင့် ဖုန်းအတွက်ပါဝင်သော Original ကေဘယ်လ်ကိုသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့ ပြင် မိမိဖုန်းကေဘယ်လ်မဟုတ်ဘဲ အခြားသောဆင်တူယိုးမှားကေဘယ်လ်များဖြင့် တပ်ဆင်အသုံးပြုခြင်းမှာ မည်သည့်ဖုန်းအမျိုးအစား များအတွက်မဆို အန္တရာယ်ရှိနိုင်ပြီး ဖုန်းများ၏ကေဘယ်လ် စနစ်များမှာ ဖုန်းအမျိုးအစားကိုလိုက်၍ အသုံးပြုစနစ်နှင့် Charger Watt များ မတူညီခြင်းကြောင့် လွဲမှားအသုံးပြုခြင်းများ မပြုလုပ်သင့်ကြောင်း ထပ်မံပြောပြခဲ့သည်။

Sunday, October 13, 2013

Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်များ

                                                              
Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက မှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။ ဒါကြောင့်အခု လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။

1. ADB

ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။

2. AOSP

Android Open Source Project ရဲ့အတိုကောက်ဖြစ်ပါတယ်။ များသောအားဖြင့် ROM (Read Only Memory) တွေရဲ့ ဖော်ပြချက်တွေမှာတွေ့ရှိရပါတယ်။ AOSP ဟာများသောအားဖြင့် Android Device တွေမှာသုံးတဲ့ ROM တွေဟာ Google ကပေးတဲ့ ဘယ် Android Source Code ပေါ်မှာမူတည်ပြီးထုတ်ထားသလဲဆိုတာကိုဖော်ပြပါတယ်။

3. Bootloader

Bootloader ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ Android Device တွေမှာသုံးတဲ့ lowest level software တစ်ခုဖြစ်ပြီး Android Operating System စတင်ဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။ များသောအားဖြင့် ထုတ်လုပ်သူတွေဟာ Bootloader ကို lock ပြုလုပ်ထားပါတယ်။ ဘာလို့ဒီလိုလုပ်သလဲဆိုတော့ Root လုပ်ခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကိုထုတ်လုပ်လိုက်တုန်းကအတိုင်းပဲ အသုံးပြုသူတွေကိုသုံးစေချင်လို့ဖြစ်ပါတယ်။

4. Bootloop
Bootloop ဆိုတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Android Device ကို Root လုပ်တာပဲဖြစ်ဖြစ် Custom ROM တင်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါ သူပြောထားတဲ့ အဆင့်တွေတိုင်းလိုက်မလုပ်ပဲ တစ်နေရာရာမှာတစ်ခုခုမှားခဲ့ရင် Android OS ဟာ restart ချလိုက်တာနဲ့ Start Up Logo မှာရပ်နေပြီးဘာမှဆက်တက်မလာတာ့ပါဘူး။ဒါကို Bootloop ဖြစ်တယ်လို့ခေါ်ပါတယ်။

5. BusyBox
BusyBox ဆိုတာကတော့ app တစ်ခုဖြစ်ပြီး UNIX Command Tools များစွာကိုအသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ Android OS ရဲ့ System File တွေကို ကိုယ်ကြိုက်သလိုပြောင်းချင်တဲ့အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox ကနေတစ်ဆင့် Commands တွေသုံးပြီးပြောင်းလဲလို့ရပါတယ်။

6. Dalvik cache

Dalvik cache ဆိုတာကတော့ Android OS မှာပါဝင်တဲ့ directory (folder) တစ်ခုဖြစ်ပြီး ကိုယ့် device မှာ install လုပ်လိုက်လို့ရလာတဲ့ *.dex file တွေအားလုံးကိုသိမ်းထားပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီ *.dex file တွေဟာ သွင်းထားတဲ့ app ကို update လုပ်လိုက်တာနဲ့ သူတို့ပါလိုက်ပြီး update ဖြစ်ပါတယ်။

7. Flashing or Flash

Flash လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Device မှာတစ်ခုခုကို install လုပ်လိုက်ခြင်းရဲ့နောက်ထပ်အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ ROM ပဲဖြစ်ဖြစ် Kernel ပဲဖြစ်ဖြစ် install လုပ်လို့ရတဲ့မည်သည့် .zip file ကိုမဆို install လုပ်ခြင်းကို flash လုပ်တယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။

8. Fastboot

Fastboot ဆိုတာကတော့ boot menu တစ်ခုဖြစ်ပြီး Android OS မစတင်ခင်မှာ Recover Mode နဲ့အခြား Download Mode တွေကို ဒီ boot menu ကနေတစ်ဆင့်ဝင်လို့ရနိုင်တဲ့ Android Boot Menu တစ်ခုဖြစ်ပါတယ်။

9. Firmware
Phone သို့မဟုတ် Tablet ရဲ့ Firmware ဆိုတာကတော့ များသောအားဖြင့် Operating System ကိုပဲညွှန်းဆိုခြင်းဖြစ်ပါတယ်။ Firmware Update လုပ်တယ်ဆိုတာကလည်း OS ကို Update ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

10. IMEI

International Mobile Equipment Identity (IMEI) number လို့ခေါ်တဲက number တစ်ခုဖြစ်ပြီး GSM, WCDMA, and iDEN mobile device တွေနဲ့အခြား satellite device တွေမှာသုံးတဲ့ unique number တစ်ခုဖြစ်ပါတယ်။ ဒီ number ကို device တွေရဲ့ settings ထဲမှာကြည့်ရှုနိုင်ပါတယ်။

11. Kernel

Kernel ဆိုတာကတော့ Operating System ရဲ့အသဲနှလုံးပဲဖြစ်ပြီး Hardware နဲ့ Software (ဒီနေရာမှာတော့ App) ကြားဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

12. Opensource

Opensource ဆိုတာကတော့ software တစ်ခုကိုထုတ်လုပ်ပြီးလို့ဒီ software ဟာ opensource လို့ပြောလိုက်ပြီဆိုတာနဲ့ဒီ software ရဲ့ codes တွေကိုလိုသလိုပြုပြင်ပြောင်းလဲလို့ရပြီး အများတကာအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။

13. Recovery

Recovery ဆိုတာကတော့ ကျွန်တော်တို့ Android Device တွေမှာရှိတဲ့ Internal Storage အတွင်းက အခန်းငယ်လေးတစ်ခု (Partition) ဖြစ်ပြီး Custom ROM ထည့်သွင်းခြင်း system-level လုပ်ဆောင်ချက်တွေပြုလုပ်တဲ့နေရာမှာအသုံးပြုပါတယ်။

14. ROM

Android အဝင်းအဝိုင်းမှာတော့ ROM ဆိုတာဟာ Read Only Memory ဖြစ်ပြီး အသစ်ပြုပြင်ပြောင်းလဲထားတဲ့ Android Operating System ကိုပဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ Custom ROM လို့လည်းခေါ်ဝေါ်ပါတယ်။ Custom ROMs တွေကတော့ CyanogenMod, Android Open Kang Project (AOKP) နဲ့ MIUI တို့ပဲဖြစ်ပါတယ်။

15. ROM Manager

ROM Manager ဆိုတာတော့ အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပြီး root လုပ်ပြီးမှအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ ClockworkMod Recovery ထည့်သွင်းခြင်း (သို့) CMW ထဲဝင်ခြင်း Custom ROM ထည့်သွင်းခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ဒီ ROM Manager ကနေတစ်ဆင့်ဆောင်ရွက်လို့ရပါတယ်။

16. Root

Root ဆိုတာကတော့ Android Device တစ်ခုပေါ်မှာ Administrator (သို့) Full Access ဖြင့်အသုံးပြုခြင်းဖြစ်ပါတယ်။ (Root အကြောင်းအသေးစိတ်ဆောင်းပါးကို ရှာဖွေလေ့လာနည်းပညာ Album ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။)

17. Superuser

Superuser ဆိုတာကတော့ Android OS အတွက် special user account တစ်ခုဖြစ်ပြီး root account လို့လည်းခေါ်ပါတယ်။ Superuser ကနေမှတစ်ဆင့် Device ကိုလိုသလိုစီမှန်ခန့်ခွဲလို့ရပါတယ်။

18. Wipe
Wipe လုပ်တယ်ဆိုတာကတော့ Device ထဲမှာ ရှိတဲ့ data တွေကိုဖျက်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့အခေါ်ဝေါ်တွေအားလုံးနီးပါးကို စာဖတ်သူတို့ Android Device တွေရဲ့လောကထဲမှာ မှာတွေ့ဖူးမြင်ဖူးကြမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကတော့ ကျွန်တော်ရေးတာမဟုတ်ပါဘူးခင်ဗျာ ဆိုက်လိပ်စာလေး မမှတ်မိတော့လို့ 
ရေးမပေးလိုက်တာပါ။ ရေးသားသူကိုလည်း ဒီနေရာလေးကပဲ ခွင့်ပြုပေးပါလို့တောင်းဆိုပါတယ်ခင်ဗျာ။