CPU & GPU
ဒီဖုန်းမှာ ထည့်သွင်းအသုံးပြုထားတဲ့ CPU ကတော့ Quad-core 1.2 GHz Cortex-A5 CPU ကိုအသုံးပြုထားတဲ့အတွက် CPU စနစ်မြင့်မား ကောင်းမွန်တယ်လို့ ဆိုနိုင်တဲ့ ဖုန်းပါပဲ။ ဂရပ်ဖစ်စနစ်ပိုင်း အတွက်ကလည်း Adreno 203 GPU ကိုအသုံးပြုထားတာ တွေ့ရတဲ့အတွက် GPU စနစ်မှာလည်း အဆင်ပြေနိုင်ပါတယ်။ ဖုန်းရဲ့ Resolution နဲ့ ဂရပ်ဖစ်စနစ်ပိုင်းမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။
Sensor & Chipset
Sensor စနစ်ပိုင်းမှာတော့ ဒီဖုန်းကအနည်းငယ် အားနည်းတယ်လို့ ဆိုရမှာပါ။ နောက်ပိုင်းထွက် နည်းပညာမြင့် ဖုန်းတွေတော်တော်များများမှာ Sensor စနစ်ကို လေးမျိုးလောက် ထည့်သွင်းအသုံးပြု လာတတ်ကြပေမယ့် ဒီဖုန်းမှာတော့ အဓိကအသုံးပြုတဲ့ Screen Off Sensor ဖြစ်တဲ့ Proximity Sensor စနစ်နဲ့ Screen ကို Rotate လှည့်ပေးနိုင်မယ့် Accelerometer Sensor စနစ်နှစ်ခုကိုပဲ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ အသုံးပြုထားတဲ့ Chipset ကတော့ Qualcomm MSM8625Q Snapdragon 200 Chipset ဖြစ်တဲ့အတွက် Chipset စနစ်ကလည်း ကောင်းမွန်ပါတယ်။
OS
OS ကတော့ Android OS ဖြစ်ပြီး ဗားရှင်းကတော့ 4.1.2 ကို အသုံးပြုထားတာပါ။
Screen
Screen ကတော့ 4.5 လက်မပဲ ဖြစ်တဲ့အတွက် ပထမထွက်ခဲ့တဲ့ Dual Sim စနစ်ဖုန်းဖြစ်တဲ့ Desire VC ထက် အရွယ်အစား ကြီးပါတယ်။ Screen အမျိုးအစားကတော့ Super LCD2 Screen အမျိုးအစားပါ။
Dimension & Weight
ဖုန်းအရွယ်အစားမှာတော့ အမြင့်က 134.8mm ရှိပြီး ဘေးတိုက် အကျယ်ကတော့ 67mm ရှိပါတယ်။ ဖုန်းရဲ့ထုကတော့ 9.3mm ဖြစ်ပါတယ်။ အရွယ်အစားရော ပုံစံဒီဇိုင်းပိုင်းမှာပါ သေသပ်လှပတဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး Dual Speaker စနစ်ကို အသုံးပြုထားတဲ့အတွက် အသံစနစ်ပိုင်းမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းရဲ့အလေးချိန်ကလည်း 130g ဖြစ်တဲ့အတွက် ပေါ့ပါးတယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။
Network
HTC ကနေအသစ် ဝင်ရောက်လာတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဒီဖုန်းကတော့ ပြည်တွင်းက CDMA 800 MHz စနစ်အသုံးပြုသူ တွေအတွက် စိတ်ကျေနပ်စရာ ဖြစ်စေနိုင်မယ့် ဖုန်းအမျိုးအစား တစ်ခုဖြစ်တယ်လို့ ဆိုနိုင်လောက်ပါတယ်။ CDMA 800MHz စနစ်နဲ့ GSM စနစ်နှစ်မျိုးစလုံးကို တစ်ပြိုင်နက် တွဲဖက်အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်တဲ့ Dual Sim ဖုန်းအမျိုးအစားပါ။ Micro Sim စနစ်ဖြစ်တဲ့အတွက် လိုင်းကတ်ကိုတော့ ဖြတ်ရမှာဖြစ်ပါတယ်။ အင်တာနက်စနစ် အသုံးပြုဖို့အတွက်လည်း GSM ရော CDMA စနစ်အားလုံးအတွက် မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြုနိုင်တဲ့အပြင် ဝါယာလက်အင်တာနက် စနစ်အတွက်လည်း WiFi စနစ်ကို အသုံးပြုနိုင်ပါတယ်။ GSM အင်တာနက်စနစ်အတွက် EDGE, GPRS, HSDPA, HSUPA အစရှိတဲ့ စနစ်တွေအားလုံးကို အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ ပုံစံဒီဇိုင်းပိုင်းကလည်း သေသပ်လှပတဲ့ဖုန်းပါ။
ဖြစ်ပါတယ်။ ပုံစံဒီဇိုင်းပိုင်းကလည်း သေသပ်လှပတဲ့ဖုန်းပါ။
Camera
ကင်မရာကတော့ 8Megapixel ရှိတဲ့ကင်မရာကို ထည့်သွင်းတပ်ဆင် ပေးထားတာဖြစ်ပြီး ကင်မရာစနစ်တွေအနေနဲ့ autofocus, LED flash, geotagging, face and smile detection, Video အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ 1.6 Megapixel ရှိတဲ့ ရှေ့ကင်မရာစနစ်ပါဝင်တဲ့ Dual Camera စနစ်ဖုန်းပါ။
Memory
မှတ်ဉာဏ်စနစ်တွေ အတွက်တော့ Internal Memory 8GB ဖြစ်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုနိုင်ဖို့ အတွက်လည်း Micro SD Card ကိုထည့်သွင်း အသုံးပြုနိုင်ပြီး 64GB ထိထပ်တိုးနိုင်မယ်လို့လည်း ဆိုပါတယ်။
Multimedia
Multimedia စနစ်တွေအတွက်ကတော့ SNS integration, Dropbox (25 GB storage), MP4, WMV player, MP3, WMA, WAV/ FLAC player, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Organizer, Document viewer, Photo viewer/editor, Voice memo/dial/commands အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

No comments:
Post a Comment