Wednesday, November 13, 2013

huawei Y511-U00 myanmar font သွင်းနည်း




  1. phone မှာ usb debugging နဲ့ unknown sources ကို on ထားပေးပါ။
  2.  phone ကို computer နှင့် ချိတ်ပါ။ 
  3. Y511 font.zip ကို       EXTERNAL SD card  ထဲကိုကူးထည့်ပြီး sd card ကို phone ထဲထည့်ထားပါ 
  4. Y511-Recovery.exe ကို run ပြီး enter နှိပ်ပါ custom recovery ရေးသွားပါမည်
  5. power ပြန်တက်လာ ရင် luckyfriends.bat ကို run ပါ
  6. phone က recovery ရောက်သွားပါမည်
  7. Recovery ထဲတွင်
    Install ZIP From SD Card  ရွေး  Choose ZIP From SD Card  ပြီးရင် Y511 font.zip ကို install လုပ်ပြီး reboot လုပ်ပါ
  8. power ပြန်တက်လာ ရင် myanmar keyboard တစ်ခုခု သွင်းပြီးသုံးနိုင်ပါပြီ။
  9. လိုအပ်သော file များ ဒေါင်းရန်Download
  10. အားလုံးပဲ အဆင်ပြေကြပါစေဗျာ။


Android ဖုန်းသမားတွေအတွက် အသုံးဝင် All-In-One Toolbox (29 Tools)

နာမည်ကြီး All In One Tool Box လေးကို ကျနော် ရဲ့ သူငယ်ချင်းတွေအတွက်


အသုံးဝင်မယ်ထင်လို့ပြန်လည်မျှဝေလိုက်ပါတယ်။Tools ပေါင်း 29 မျိုးပါဝင်တယ်။

ဘာတွေ ပါလည်း ဆိုတော့

1. Apk Cleaner

2. Backup & Restore

3. Homescreen shortcut

4. Memory status report (RAM, ROM, SD Card memory and CPU)

5. System information

6. One-click task killer

7. Cache cleaner

8. History cleaner (clipboard, browser, Market, Gmail search, Google Maps, Google Earth history)

9. Call log and messages cleaner

10. SD Card temporary file cleaner

11. App to SD Card

12. SD Card file manager

13. Batch installer

14. Batch uninstaller

15. Startup manager

16. Add app to startup

17. Homescreen widget

18. Quick Settings plugin

19. Volume Settings plugin

20. Timer Plugin

21. AppLock Plugin

22. Permission Check Plugin

23. Sensor Box Plugin

24. Flashlight Plugin

25. Ad Detect Plugin

26. Compass Plugin

27 QR and Barcode Scanner

28. Uninstall of preinstalled system app feature

29. Zip and unzip
Apk တခု့ထဲနဲ့ အသုံးပြု့စရာတွေအများကြီး ပါ ပါတယ် အသုံးလိုမယ် ဆို၇င် အောက်မှာ

ဝင်ယူလိုက်ပါ


Sunday, November 10, 2013

Android ဖုန်းအားလုံးကို Click တစ်ချက်တည်းနဲ့ Recovery Mode ၀င်မယ်

Android ဖုန်းအားလုံးကို Click တစ်ချက်တည်းနဲ့ Recovery Mode ၀င်လို့ရတဲ့ ဆော့ဝဲလ်လေးတင်ပေးလိုက်ပါတယ်။ Android ဖုန်းတစ်လုံးနဲ့ တစ်လုံး Recovery Mode ၀င်တာမတူပါဘူး။ ဒီဆော့ဝဲလ်လေးဆောင်ထားရုံနဲ့ Android ဖုန်းအားလုံးကို Click တစ်ချက်တည်းနဲ့ Recovery Mode ၀င်လို့ရမှာဖြစ်ပါတယ်။  ဆော့ဝဲကိုကွန်ပျူတာမှာ Install လုပ်ပါ။ Android ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ USB debugging on ထားပေးပါ။ ဖုန်း Driver ကိုကွန်ပျူတာက သိပါစေ....ကဲအားလုံးပြီးရင်တော့ Click To Enter Recovery ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါဗျာ။ ဖုန်း Reboot ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ မိမိဖုန်းမှာ Recovery Mode ၀င်ပြီးသားဖြစ်နေပါလိမ့်မယ်။ အဆင်ပြေပါစေ......




Thursday, October 31, 2013

ANDROID 4.4 KITKAT THEME APK V2.3

စက်ရုပ်ရဲ့ နောက်ဆုံးမျိုးဆက်သစ်တစ်ခုဖြစ်တဲ့Android 4.4 Kitkat ပုံစံနဲ့ Theme လေးတစ်ခုတင်ပေးလိုက် ပါတယ်ဗျာ။ Android OS 4.4 စတိုင်လေးဆိုတော့ တမျိုးတော့ ဆန်းနေပါတယ်။ နမူနာအနေနဲ့ ကြည့်နိုင်ဖို့ အတွက် အောက်မှာ Screen Shoot လေးတွေတင်ပေးလိုက်ပါတယ်ဗျာ။ အခု Theme လေးကို Nova Launcher. , Apex Launcher. , Go Launcher. , Holo Launcher. , ADW Launcher. , Action Launcher Pro. , Solo Launcher. , စတဲ့ Launcher တွေနဲ့ အခြားသော Launcher များမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်ဗျာ။ Android 4.4 Kitkat Theme ကို သုံး မယ်ဆိုရင်တော့ Android OS 2.1 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ
                      
Download                            

Saturday, October 26, 2013

Heroes Games

                                                     Download

Friday, October 25, 2013

မြန်မာခြင်းလုံးဂိမ်း (FOR ANDROID)


ဖုန်းထဲမှာ ခြင်းခတ်ခြင်တဲ့ မိတ်ဆွေတွေအတွက်မြန်မာခြင်းလုံးဂိမ်းလေးတင်ပေးလိုက်ပါတယ်။ Level 500 အထိပါပြီး online ကနေသူငယ်ချင်းတွေနဲ့ အတူတူဆော့လို့ရတယ်ပါတယ် နာမည်ကတော့ Seagames chin loneပါ ဆိုဒ်ကတော့ 54 mb ရှိပါတယ် ခင်ဗျ ဆော့ချင်တဲ့မိတ်တွေတွေအောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်။
                                                                           Download

Wednesday, October 23, 2013

နေရာအချို့တွင်GSM/WCDMA မိုဘိုင်းတယ်လီဖုန်းယာယီပြတ်တောက် မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးချက်ထုတ်ပြန်


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့မြှင့်တင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ ပြောင်းလဲချိတ်ဆက်ရန် စီမံလျက်ရှိသည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်တွင် ၂၃-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တို့တွင် ၂၆-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း၊ နေပြည်တော် (တောင်ပိုင်း)တွင် ၂၈-၁၀-၂၀၁၃ ရက်နှင့် ၃၀-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း စုစုပေါင်း ၁၀ မိနစ်ခန့်စီ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ယာယီပြတ်တောက်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအသိပေးချက်ထုတ်ပြန်သည်။
Credit>>> Thit Htoo Lwin